Digital Marketing နဲ့ Traditional Marketing ဘယ်ဟာပိုကောင်းတာလဲ။

ဒီနေ့ခေတ် တိုးတက်နေတဲ့ နည်းပညာကမ္ဘာကြီးမှာ လုပ်ငန်းတွေက သူတို့ရဲ့ မျှော်မှန်းထားတဲ့ ပန်းတိုင်ကို ရောက်ရှိဖို့ အကောင်းဆုံး မားကက်တင်း နည်းလမ်းကို ရွေးချယ်အသုံးပြုရပါတယ်။ Digital Marketing နဲ့ Traditional marketing ဘယ်ဟာပိုကောင်းလဲဆိုတာက လက်ရှိမှာ Marketer တွေကြားမှာ အငြင်းပွားလျက်ရှိနေပါတယ်။ ဒီတော့ ဘယ်ဟာကအကောင်းဆုံးဖြစ်မလဲဆိုတာကြည့်လိုက်ရအောင်။

Traditional marketing အချိန်တိုင်းမှာအောင်မြင်တဲ့နည်းလမ်း

Traditional Marketing ဆိုတာ TV, ရေဒီယို, သတင်းစာနဲ့ ပိုစတာတွေလို Channel တွေကို ဆိုလိုတာပါ။ ဒီChannel တွေကတဆင့်ကြေငြာတွေပြုလုပ်တာဟာ လူအများကိုစိတ်ဝင်စားမှုရရှိစေပါတယ်။

ဒါပေမယ့် ဒီဟာတွေဟာ ကြေငြာခ စျေးကြီးပြီးတော့ ကိုယ့်ရဲ့ လိုချင်တဲ့ Audience တွေဆီကိုရောက်ဖို့ ခက်ခဲတာတွေရှိပါတယ်။

Digital Marketing: ကြေငြာနယ်ပယ်ရဲ့ အနာဂတ်

အခြားတစ်ဖက်မှာတော့ ဒီဂျစ်တယ်မားကက်တင်းဟာ Social Media, Email Campaigns နဲ့ SEO လို ပလက်ဖောင်းတွေကို အသုံးပြုပါတယ်။ အချိန်နှင့်တပြေးညီ Reports တွေကို ရရှိနိုင်သလို ကြေငြာတွေကို

ကိုလိုသလို သတ်မှတ်ပြီး အလျင်မြန်ဆုံးရောက်ရှိနိုင်တဲ့ အားသာချက်တွေရှိပါတယ်။

အခုအချိန်မှာ လူအများစုက အင်တာနက်ပေါ်မှာ အချိန်ဖြုန်းကြတာကြောင့် ဒီဂျစ်တယ်မားကက်တင်းဟာ လုပ်ငန်းတွေအတွက် အကောင်းဆုံး Marketing လက်နက်တစ်ခုဖြစ်လာပါတယ်။

ကြေငြာစရိတ်လည်း သက်သာပြီးတော့ မိမိတို့လိုချင်တဲ့ Audience တွေကို ရွေးချယ်ပြီး ကြေငြာတွေပြလို့ရပါတယ်။

ကောင်းမွန်တဲ့ Designတွေ ပြုလုပ်မယ်၊ ထိမိတဲ့ Content တွေရေးမယ်၊ တိကျတဲ့ သေချာတဲ့ Target ကိုရွေးချယ် ပြီးတော့ ကြေငြာနိုင်တဲ့အတွက် အခုအချိန်မှာ လုပ်ငန်းအများစု အသုံးပြုလျက်ရှိနေပါပြီ။

Digital Marketing နဲ့ Traditional Marketing နှစ်မျိုးလုံးမှာ သူ့နေရာနဲ့သူအားသာချက်ရှိပါတယ်။

Digital Channel တွေကနေ တဆင့် မိမိရဲ့ လုပ်ငန်းကို ကြေငြာသလို Traditional Marketing ကို လုပ်ဆောင်ဖို့လည်း လိုပါတယ်။ Company တစ်ခုမှာ Marketing Ideas တွေကို Balance ဖြစ်အောင် လုပ်ဆောင်ရင်း နဲ့ အောင်မြင်တဲ့ Marketing Team တစ်ခုကို ပိုင်ဆိုင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

One comment

Leave a Reply

Your email address will not be published. Required fields are marked *