ဒီနေ့မှာတော့ Digital Marketing ကိုလုပ်ဆောင်နေကြတဲ့သူတွေ သိထားသင့်တဲ့ ဂြိုလ်သား စကားလုံးတွေအကြောင်းကိုရေးသားသွားမှာဖြစ်ပါတယ်။
အသုံးအနှုန်းတွေကို မြင်ဖူးပေမယ့် အရင်ကလည်း ကျွန်တော့်အနေနဲ့ ကွဲကွဲပြားပြား မသိတာတွေရှိတော့
အခုလို မျှဝေပေးလိုက်ပါတယ်။
1.Reach
Reach ဆိုတာကတော့ မြန်မာလိုတိုက်ရိုက်ဘာသာပြန်ရင်တော့ ရောက်ရှိတာပေါ့။
ကိုယ်တင်လိုက်တဲ့ Post က လူဘယ်နှယောက်ဆီကိုရောက်သွားလဲ၊ ကိုယ့်ရဲ့ Post ကို လူဘယ်လောက်မြင်သွားလဲဆိုတာကို Reach လို့ သုံးနှုန်းပါတယ်။
2. Engagement
Engagement ဆိုတာကတော့ ကိုယ့်ရဲ့ Post မှာ လူတွေပေးတဲ့ Like တွေ Comment တွေ Share တွေ ကိုခေါ်တာဖြစ်ပါတယ်။ ဒီ post က Engagement ကောင်းတယ် ဆိုပြီးပြောတာကြားဖူးရင် ဒီအချက်တွေကြောင့်ဖြစ်ပါတယ်။
3. Impression
Impression ဆိုတာကတော့ ကျွန်တော်တို့ရဲ့ Post ကို လူတွေက သူတို့ရဲ့ New Feed မှာမြင်တဲ့ အကြိမ်အရေအတွက်ဖြစ်ပါတယ်။ တခါတလေ Post ကို ADS Run မယ်ဆိုရင် Impression 1.5 or 2 စသဖြင့် Report မှာပြန်ကြည့်ရင်သိနိုင်ပါတယ်။ ဒါဟာ မိမိရဲ့ Post ကို လူတစ်ယောက်က ၁ခါထပ်ပိုပြီးတော့ တွေ့တဲ့အခါတွေမှာ သုံးနှုန်းတဲ့စကားလုံးဖြစ်ပါတယ်။
4. Call To Action (CTA)
ဒါကတော့ ကျွန်တော်တို့ Post တွေထဲမှာ Send Message,Shop Now,Learn More စသဖြင့် မိမိရဲ့ Audience တွေကို ကိုယ့်ရဲ့ Page Messenger,Website တွေကို ခေါ်သွားနိုင်တဲ့ Button လေးတွေဖြစ်ပါတယ်။ ဒီ Post က CTA ကောင်းတယ်
လူတွေဘယ်နှစ်ယောက် လာနှိပ်သွားတယ်ဆိုတဲ့နေရာမှာ ခေါ်ဝေါ်ပါတယ်။
5.Return on investment (ROI)
စီးပွားရေးတစ်ခုလုပ်တဲ့နေရာမှာ ကိုယ်သုံးလိုက်တဲ့ ငွေနဲ့ပြန်ရမယ့်အမြတ်ငွေဆိုတာရှိပါတယ်။ ROI ဆိုတာကလည်း ကိုယ်သုံးလိုက်တဲ့ ADS Budget နဲ့ ပြန်ရမယ့်
အကျိုးအမြတ်ကိုတိုင်းတာတဲ့နေရာမှာ အသုံးပြုတဲ့စကားလုံးဖြစ်ပါတယ်။ ROI ကောင်းအောင်ဘာလုပ်ရမလဲ? ကိုယ်ရောင်းတဲ့ Products နဲ့ ကိုယ်ကြေညာလိုက်တဲ့ Audience က ကိုက်ညီမှုရှိရမယ်။
Gaming နဲ့ပတ်သက်တာကို အသက်ကြီးတဲ့သူတွေကိုကြေညာပြရင်တော့ ဂွမ်းမှာပါပဲ။
6. Key Performance Indicator (KPI)
KPI ကတော့ Digital marketing မှာပဲမဟုတ်ပဲ အခြားနေရာတိုင်းလိုလိုမှာရှိပါတယ်။ Sale KPI, Marketing KPI အစရှိသဖြင့်ပေါ့။အောင်မြင်မှုကို တိုင်းတာတဲ့စကားလုံးဖြစ်ပါတယ်။
ဒီတလမှာ Engagement ဘယ်လောက်ရရမယ်၊ Coversion Rate က ဘယ်လောက်ရရမယ် ဒါတွေကအရေးကြီးတဲ့ Digital marketing KPI ထဲကတစ်ခုဖြစ်ပါတယ်။
7.Boost
တော်တော်များများသိကြတဲ့ Boost လုပ်တယ် Boost လုပ်တယ်ဆိုတာကတော့ ကျွန်တော်တို့ရဲ့ Post ကို လူတွေအများကြီးဆီ ရောက်အောင် Facebook ကို ပိုက်ဆံတွေပေးပြီးတော့ လုပ်ရတာပါ။
Boost လုပ်တယ် ADS Run တယ် Media Buying လုပ်တယ် အကုန်အတူတူပါပဲ။
Facebook ကတော့ လက်ရှိမှာ မင်းရဲ့ Post ကို Reach များများရောက်ချင်လား ငွေပေး၊ Engagement များများလိုချင်လား ငွေပေး ဒီလိုတွေဖြစ်လာပြီဆိုတော့
သေချာလေး Research လုပ်ပြီး Boost လုပ်ကြပါလို့။
8. Custom Audience
မိမိ Target ထားချင်တဲ့ သူတွေကိုပဲ စုပြီးတော့ ADS Run တာဖြစ်ပါတယ်။
ဉပမာ ကိုယ့်ရဲ့ Page ကို ဘယ်နှစ်ရက်အတွင်း လာကြည့်တဲ့သူတွေ၊ Engage ဖြစ်သွားတဲ့သူတွေ၊ Message ပို့သွားတဲ့သူတွေ ဒီလိုလူတွေကိုပဲ စုပြီးတော့ ADS Manager ထဲကနေ Custom Audience ဆောက်ပြီးတော့ ပြန်ပြီးတော့ ကြေညာပြတဲ့ သဘောပါ။
9.Lookalike Audience
Insurance ကိုစိတ်ဝင်စားတဲ့ သူတွေကိုကြေညာတဲ့အချိန်မှာ ကျွန်တော်က Life Insurance ကိုစိတ်ဝင်စားတယ်ဆိုပါစို့။ Ads Run လိုက်ရင် ကျွန်တော်အပါအဝင်
အခြား ကျွန်တော့်လိုမျိုး Life Insurance ကို စိတ်ဝင်စားတဲ့သူမျိုး ပြောရရင် လက်ရှိ Audience နဲ့ ဆင်တဲ့သူတွေကို ကြေညာပြပေးတဲ့ ပုံစံဖြစ်ပါတယ်။
ကျွန်တော်က Insurance ဝယ်ပြီးသားဆိုရင် ADS Manager ထဲကတဆင့် Lookalike Audience တည်ဆောက်ပြီးတော့ ကျွန်တော့်လိုမျိုး ဆင်တူတဲ့သူတွေကို ပြန်ပြီးတော့ ကြေညာပြလို့ရတယ်ဆိုတဲ့ပုံစံဖြစ်ပါတယ်။
10. User Generate Content (UGC)
User-Generated Content (UGC) ဆိုတာ သုံးစွဲသူတွေက ကိုယ့်ရဲ့ Product အကြောင်းကိုပြန်လည် မျှဝေပေးတဲ့ အကြောင်းအရာတွေကို ဆိုလိုတာဖြစ်ပါတယ်။
ဥပမာအနေနဲ့ Review တွေရေးတာတွေ၊ ဒီ Product ကို အသုံးပြုလိုက်တဲ့အတွက် သူတို့အတွက် အဆင်ပြေလို့ တခြားသူတွေကို သိအောင်ပြန်လည်မျှဝေပေးတာတွေ စတာတွေပါဝင်ပါတယ်။
UGC တွေက ကိုယ့်ရဲ့ Brand အတွက်အလွန်အရေးပါတဲ့နေရာမှာပါဝင်နေတာသိထားဖို့လိုပါတယ်။
ပထမဉီးဆုံး Trust တခုတော့ရသွားမယ်။
စီးပွားရေးတခုအောင်မြင်ဖို့ဆိုရင် ကျွန်တော်တို့ရဲ့ Customer တွေရဲ့ အသံကို နားထောင်ပေးဖို့က အရေးကြီးပါတယ်။
ဒီနေ့မှာတော့ Digital marketing မှာအသုံးပြုတဲ့ ဂြိုလ်သား စကားလုံးတွေအကြောင်း ပထမပိုင်း ကို ရေးသားမျှဝေပေးလိုက်ပါတယ်။
သိပြီးသား သူတွေလည်းရှိနိုင်သလို မသိသေးတဲ့ သူတွေအတွက်လည်း ဗဟုသုတ တခုရသွားမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ။



