တိုးတက်မှုဆိုတာ ကိုယ့်ရဲ့ ပတ်ဝန်းကျင်နဲ့အများကြီးဆိုင်တယ်။

တိုးတက်မှုဆိုတာ ကိုယ့်ရဲ့ ပတ်ဝန်းကျင်နဲ့အများကြီးဆိုင်တယ်။Lucky Fish လို့ ခေါ်တဲ့ Arowana Dragon Fish တွေဟာ စျေးလည်းကြီးသလို အလှငါးမွေးတဲ့သူတွေကြားမှာလည်း ရေပန်းစားတဲ့ ငါးတစ်မျိုးဖြစ်ပါတယ်။

ကျွန်တော်တို့ အလှမွေးငါးကန်ထဲမှာတွေ့ဖူးတဲ့သူ့ရဲ့ အရွယ်အစားက ၂ပေ ကနေ ၃ပေ အထိရှိပါတယ်။ဒါပေမယ့် မြစ်ထဲမှာရှိတဲ့ Dragon Fish တွေကတော့ ၄ပေ ကနေ ၅ပေ အထိအရှည်ရှိပါတယ်။ငါးအမျိုးအစားချင်းအတူတူတောင် ဘာလို့ ကြီးထွားမှုနှုန်းအရွယ်အစားက ကွာခြားသွားရတာလဲ။

အဓိကအချက်ကတော့ သူနေထိုင်ရာပတ်ဝန်းကျင်ကြောင့်ပဲဖြစ်ပါတယ်။အလှမွေးငါးကန်ထဲမှာရှိတဲ့ငါးက ပုံမှန်ကြီးထွားချင်ပေမယ့် ငါးကန်ရဲ့ အရွယ်အစားပေါ်မူတည်ပြီးတော့ ကြီးထွားချင်သလောက် မကြီးထွားနိုင်ပဲ ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေအောင်သာ ဖွံ့ဖြိုးရပါတယ်။

ဒါကိုကြည့်မယ်ဆိုရင် ကျွန်တော်တို့ပတ်ဝန်းကျင်မှာရော အလုပ်ခွင်မှာပါ ဒီလို ငါးကန်လိုမျိုးနေရာတွေ အများကြီးရှိပါတယ်။

ဘောင်ကျဉ်းကျဉ်းလေးထဲမှာ တသတ်မတ်တည်း လုပ်ကိုင်နေရင်း မိမိရဲ့ တိုးတက်မှုစွမ်းရည်ကို လျော့ကျစေနိုင်တဲ့ နေရာတွေမှာ ရေရှည်မနေသင့်ပါဘူး။

သင်ဟာ အလှမွေးကန်ထဲက Dragon fish လား မြစ်ထဲက Dragon fish လားဆိုတာ သေချာပြန်ပြီး စဉ်းစားဖို့လိုပါတယ်။

မြစ်ထဲက Dragon fish လိုမျိုး ကိုယ့်ရဲ့ရှိသင့်တဲ့ စွမ်းရည်အပြည့်နဲ့ ကိုယ့်ရဲ့ စွမ်းရည်ကို အားပေးတဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်နိုင်ဖို့က အားလုံးအတွက် အရေးကြီးတယ်မဟုတ်ပါလားခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *