ကိုယ်တင်လိုက်တဲ့ Content တစ်ခုက ဘာကြောင့် မပေါက်ရတာလဲ။
အချို့ Content တွေက တခုပြောတာနဲ့ Viral ဖြစ်သွားတာ ဘာလို့လဲ။
Content တစ်ခုတင်တိုင်း Audience တွေ Share များစေချင်ရင်တော့ STEPPS Framework အကြောင်းကို သေချာသိထားဖို့တော့လိုပါတယ်။
STEPPS Framework ဆိုတာဘာလဲ?
STEPPS Framework ဆိုတာ Viral ဖြစ်နိုင်မယ့် Content တွေအတွက် မဖြစ်မနေသိသင့်တဲ့ အချက် ၆ ချက်ဖြစ်ပါတယ်။
S – Social Currency (လူတွေ Cool ဖြစ်ချင်တဲ့စိတ်)
T – Triggers (အမြဲသတိရစေမယ့် အရာ)
E – Emotion (စိတ်ခံစားမှုတွေ ပါရမယ်)
P – Public (လူတွေ မြင်နိုင်ပြီး ပြန်လုပ်နိုင်ဖို့)
P – Practical Value (အသုံးဝင်မှု ရှိဖို့)
S – Stories (စွဲမက်ဖွယ် ဇာတ်လမ်း)
ဒီ 6 ချက် ကို သင့်ရဲ့ Content ထဲ ထည့်နိုင်ရင် Viral ဖြစ်နိုင်တဲ့ Content တပုဒ်ရဖို့ အခွင့်အရေးပိုများလာမှာဖြစ်ပါတယ်။
ဒီတော့တစ်ခုချင်းစီကြည့်လိုက်ရအောင်။
1️⃣ Social Currency – လူတွေ Cool ဖြစ်ချင်တဲ့စိတ်ကို အသုံးချပါ
လူတွေက Social Media မှာ ထူးခြားတဲ့အရာတွေကိုတွေ့ရင် မျှဝေကြတာသဘာဝပါ။
ကျွန်တော်တို့ဖန်တီးလိုက်တဲ့ Content ကို Share လုပ်လိုက်တာနဲ့ သူတို့ရဲ့ စိတ်ထဲမှာ Cool,Smart,Exclusive ဖြစ်တယ်လို့ ခံစားရဖို့လိုပါတယ်။
ဉပမာ
Exclusive Information(အခြားသူတွေမသိသေးတဲ့ Knowledge)
Insider Secrets & Hacks (VIP ဖြစ်သလို ခံစားရစေမယ့် Content)
2️⃣ Triggers – Audience တွေရဲ့စိတ်ထဲအမြဲသတိရစေမယ့်ပုံစံ
✔ Coca-Cola ဆိုရင် Summer
✔ “M” မြင်တာနဲ့ McDonald’s ဆိုတာမျိုးပါ။
3️⃣ Emotion – စိတ်ခံစားမှုကို တိုက်ရိုက်ထိစေမယ့်ပုံစံ
လူတွေ Content တစ်ခုကို မျှဝေတဲ့ အကြောင်းအရင်း ၁ခုက Feeling Strong Emotions ကြောင့်ဆိုတာမှတ်ထားဖို့လိုပါတယ်။
စိတ်လှုပ်ရှားစရာ, အံ့အားသင့်စရာ, ရယ်စရာ, ဒေါသထွက်စရာ Content တွေက အမြဲ Viral ဖြစ်တတ်တယ်။
ဥပမာ
Thai Life Insurance Ads (YouTube ကနေရှာကြည့်နိုင်ပါတယ်) (စိတ်ထဲထိတဲ့ Ads တွေ)
AI က လူတွေရဲ့အလုပ်တွေကိုအစားထိုးသွားနိုင်တော့မှာလား ဆိုတဲ့ Shock & Fear Content မျိုး။
Funny & Sarcastic Memes လိုမျိုး Engagement များနိုင်တဲ့ Content မျိုး။
4️⃣ Public – လူတွေ ပါဝင်လုပ်ဆောင်နိုင်တဲ့ အရာမျိုး
Viral ဖြစ်တဲ့ Trend တွေမှာ လူတိုင်းပါဝင်ပြီးလုပ်ဆောင်နိုင်တဲ့ ပုံစံတွေရှိတာသိထားဖို့လိုပါတယ်။
ဥပမာ
TikTok Dance Challenges လိုမျိုး လူတွေ Follow & Participate လုပ်နိုင်တဲ့ Trend မျိုးက လူတွေကို အတူတူပါဝင်လာအောင်လုပ်ဆောင်နိုင်တဲ့အတွက် ဒီအချက်ကိုလည်းအသုံးချဖို့လိုပါတယ်။
5️⃣ Practical Value –ကိုယ့်ရဲ့ Audience ကို Value or Knowledge တွေပေးပါ။
Tips, Hacks, Strategies စတဲ့အရာတွေက လူတွေစိတ်ဝင်စားမှုများစေတဲ့ အကြောင်းတခုဖြစ်ပါတယ်။
အသုံးဝင်တဲ့အရာတွေဆို လူတွေ တခြားသူတွေကို ပြန်မျှဝေပေးတာသဘာဝပါပဲ။
ဥပမာ
AI ကိုအသုံးချပြီးတော့ ကိုယ့်ရဲ့စီးပွားရေးကို တိုးတက်စေမယ့်နည်းလမ်းများ
တပတ်အတွင်း ဝိတ်ကျစေမယ့် Exercise
ဒီလို Content မျိုးတွေကိုမျှဝေခြင်းက လူတွေကကိုယ့်ရဲ့ content ကိုပိုပြီး Sharing လုပ်စေပြီးတော့ Engagement တိုးစေပါတယ်။
6️⃣ Stories – စွဲမက်ဖွယ် ဇာတ်လမ်းလေး တစ်ခုဖန်တီးပါ
Facts Tell, But Stories Sell
စာတွေပဲ အမြဲရေးတင်တာထက် ကိုယ့်ရဲ့ Brand အကြောင်းနဲ့ဆိုင်တဲ့ Story တွေကိုတင်ပေးခြင်းက လူတွေရဲ့ စိတ်ဝင်စားမှုကိုခံရနိုင်ပြီးတော့ Trust တစ်ခုလည်းရစေမှာပါ။
Customer Testimonials & Success Stories လိုမျိုး Behind-the-Scenes & Founder’s Journey လိုမျိုး Video Content တွေ လုပ်ဆောင်တာဟာ ထိရောက်တဲ့ အကြောင်းအရာတွေထဲက တခုဖြစ်ပါတယ်။
ဒီ 6 ချက်ကို ကျွန်တော်တို့ရဲ့ Content Strategy တွေထဲမှာ အသုံးချပြီး Audience တွေ Engagement တက်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။



