ထုတ်ကုန်များတိုင်း လုပ်ငန်းအောင်မြင်နိုင်သလား

စီးပွားရေးလုပ်ငန်းများအနေနဲ့ ထုတ်ကုန်ပမာဏများပိုများရင် ဝင်ငွေများများလာမယ်လို့ ထင်လေ့ရှိပါတယ်။ ဒါကြောင့် ထုတ်ကုန်အသစ်များထုတ်ဖို့ ရင်းနှီးမြှပ်နှံလိုက်ကြပါတယ်။

ဒီဟာကတော့ Nokia လုပ်ခဲ့တဲ့အရာပါ။ သူတို့က မတူညီတဲ့ဖောက်သည်အမျိုးမျိုးအတွက် ဖုန်းမျိုးစုံကို ထုတ်လုပ်ခဲ့ပါတယ်။ ဖောက်သည်တစ်ဦးစီအတွက် ဖုန်းတစ်လုံးစီရှိဖို့ကို လုပ်ခဲ့တာပါ။

iPhone မှာလည်း Phone Series တွေရှိပေမယ့် ဖောက်သည်တွေ ရွေးချယ်စရာ များများစားစားတော့မရှိပါဘူး။

ထုတ်ကုန်အသစ်အများကြီး ထုတ်ဖို့ မလုပ်ပဲ တစ်ခုထဲကို တိုးတက်အောင် ဆက်လုပ်ခဲ့ကြပါတယ်။ ဒီလိုပြုလုပ်ခြင်းနဲ့ ကမ္ဘာအနှံ့လူတိုင်း iPhone ကိုပိုင်ဆိုင်ချင်စိတ်တွေဖြစ်လာခဲ့ပါတယ်။

ထုတ်ကုန်အရေအတွက်ကို နည်းထားခြင်းက ဖောက်သည်တွေအတွက် စဉ်းစားစရာနည်းပြီး ရွေးချယ်နိုင်ဖို့အခွင့်အလမ်းပိုများနိုင်ပါတယ်။

ထုတ်ကုန်များတာက ဖောက်သည်များရဲ့စိတ်ကိုရှုပ်ထွေးစေပြီး ဇဝေဇဝါဖြစ်လာနိုင်ပါတယ်။

Nokia ၏ တန်ဖိုးက $21B

Apple ၏ တန်ဖိုးက $2,600B (Apple ၏ ဝင်ငွေ၏ 50% ကို iPhone က ထုတ်ပေးပါသည်)


General Motors ကိုကြည့်လိုက်ရအောင်။ သူတို့မှာ အဓိကကားအမှတ်တံဆိပ် ၇ ခု ရှိပါတယ်။

“Chevrolet အမှတ်တံဆိပ်အောက်မှာတင် အမျိုးအစားများစွာ ရှိပါတယ်။ SUV အမျိုးအစားအောက်မှာတင် မော်ဒယ် ၉ ခုရှိပါတယ်။ GM အနေဖြင့် အမှတ်တံဆိပ်များနှင့် အမျိုးအစားအားလုံးပေါင်းပြီး မော်ဒယ် ၁၀၀ ကျော်ကို ထုတ်လုပ်လျက်ရှိပါတယ်။

elsa ဘက်ကိုကြည့်လိုက်ရအောင်။

မော်ဒယ် ၄ ခုပဲ ရှိပါတယ်။ S, 3, X, Y — အဲဒါပဲ။

အခုတလော သူတို့ရဲ့ အခြေအနေတွေကို လေ့လာကြည့်လိုက်ရင်

GM ရဲ့ တန်ဖိုးက $52B

Tesla ရဲ့ တန်ဖိုးက $536B (GM ထက် 10 ဆ ပိုကြီးပါတယ်)

စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ‘ကုန်ပစ္စည်းပြပွဲ’ မိတ်ဆက်တာကို Products တွေအများကြီး တင်ပြီး လုပ်ကြတာတွေ့ရပါတယ်။ ဒါပေမယ့် ဒီလို Product အများအပြားကို ပြသခြင်းက ဖောက်သည်တွေအတွက် အကျိုးမဖြစ်စေပါဘူး။

ဖောက်သည်တွေအတွက် ရွေးချယ်အများကြီး ရှိလာတဲ့အခါ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ အခက်အခဲရှိလာနိုင်တာကို သိထားဖို့လိုပါတယ်။

တစ်ချိန်တည်းမှာ ‘Long Tail’ အကြောင်း တွေးမိနိုင်ပါတယ်။

iPhone မှာ app တော်တော်များကို ရွေးချယ်အသုံးပြုနိုင်ပေမယ့် Nokia မှာကတော့ ဖုန်းအမျိုးအစားများစွာ ရှိပေမယ့် ဖုန်းအတွင်းမှာ ရွေးချယ်နိုင်တဲ့ app ကတော့နည်းပါတယ်။

Apple မှာ ဖုန်းအမျိုးအစား နည်းပေမယ့် ဖုန်းအတွင်းမှာ ရွေးချယ်နိုင်တဲ့ app များစွာ ရှိပါတယ်။”

ဒါက အားလုံးကို ကွဲပြားစေခဲ့တာပါ။

Apple iPhone မှာ မော်ဒယ်အနည်းငယ်သာ ရှိပေမယ့်၊ app store အတွင်းမှာ app မီလီယံများ ရှိပါတယ်။ အဲဒီ app တွေဟာ digital ဖြစ်ပြီး အထောင်ပေါင်းများစွာ Developer တွေက အဲဒီ platform အတွက် app တွေ တည်ဆောက်နေကြပါတယ်။

Spotify: ရိုးရှင်းတဲ့ subscription တစ်ခုပဲ။ အတွင်းမှာတော့ သီချင်း သန်းချီရှိပါတယ်။

YouTube: အခမဲ့ version နဲ့ Premium version ရှိပါတယ်။ ရိုးရှင်းတယ်။ App အတွင်းမှာ Content ရွေးချယ်စရာ အကန့်အသတ်မရှိပါဘူး။

Netflix: ရိုးရှင်းတဲ့ subscription တစ်ခုနဲ့ Content အများကြီး ရွေးချယ်စရာ ရှိပါတယ်။

Nokia ရဲ့ အမှားတစ်ခုက content နဲ့ apps အပိုင်းမှာ long tail သွားရမယ့်အစား ထုတ်ကုန်အပိုင်းမှာ long tail လုပ်ပြီး content ကို short tail လုပ်ခဲ့တာပါ။

ကိုယ့်မှာ Product နည်းနေပါစေ ဒီ Product ကို လူတွေအသုံးပြုရ လွယ်ကူအောင် လုပ်ဆောင်နိုင်ဖို့ကအရေးကြီးတဲ့အချက်ဖြစ်တာကို ရေးသားလိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *