“First-time Buyer ကနေ Repeat Customer” ဖြစ်အောင် ပြောင်းလဲစေဖို့ Strategy တည်ဆောက်ခြင်းကတော့ Brand တစ်ခုအတွက် စီးပွားရေးကြာရှည် ရပ်တည်နိုင်ဖို့အဓိကသော့ချက် ဖြစ်ပါတယ်။
မိမိရဲ့ Product ကို တစ်ခေါက်ဝယ်တာနဲ့ ပြီးသွားတာမဟုတ်ပဲ နောက်တချိန် ပြန်ဝယ်ဖို့ လုပ်ဆောင်နိုင်ဖို့အရေးကြီးပါတယ်။
ကိုယ့်ရဲ့ ပထမဆုံး Customer ကို Loyal Customer တစ်ဦးအဖြစ် ပြောင်းဖို့ အချက်လေးတွေကိုမျှဝေပေးလိုက်ပါတယ်။
Customer တစ်ဦးက ကိုယ့်ရဲ့ Product ကိုပထမဆုံးဝယ်တာနဲ့ Relationship တစ်ခုပဲစတင်ပါပြီ။
ဒါပေမယ့် နောက်တကြိမ် ပြန်ပြီး ဝယ်ယူတာမျိုးမရှိဘူးဆိုရင်တော့ ကျွန်တော်တို့ Sales နဲ့ Brand ကြားမှာ Gap တစ်ခုရှိနေပြီဆိုတာသိထားဖို့လိုပါတယ်။
အခု အချက် ၅ ချက်ကို သုံးပြီး First-time Buyer ကို Repeat Customer ဖြစ်အောင် ပြောင်းလဲကြည့်ပါ။
1.After-Sales Follow-Up
Customer တစ်ဉီးကို Product ဝယ်ပြီးတဲ့နောက်မှာ “ကျေးဇူးတင်ပါတယ်” ဆိုတဲ့ Message တစ်ခု ပို့ပေးလိုက်ရုံနဲ့ မလုံလောက်ပါဘူး။
– Usage tips
– Product care instructions
– Follow-up email or message စတဲ့
အသုံးဝင်တဲ့ အကြံဉာဏ်လေးတွေ ပြန်ပေးခြင်းက ကိုယ်နဲ့ Customer ကြား Relationship တစ်ခုကိုတည်ဆောက်နိုင်ပါတယ်။
2. Next Purchase Offer
အခုဝယ်လိုက်တာနဲ့ မကြာခင်မှာ “Next Buy” အတွက် Exclusive Offer လေးတွေ ပြပေးကြည့်ပါ။
– 10% off for your next order
– Buy 1 Get 1 on your second purchase
တစ်ကြိမ်သုံး ပြီးတာနဲ့ နောက် အကြိမ်ကြိမ်သုံးချင်စေဖို့ ကျွန်တော်တို့ incentive ပေးဖို့လိုပါတယ်။
3. Feedback , Review တွေရယူပါ။
Product ကို ဝယ်ယူပြီးတာနဲ့ customer ကို သုံးရတာအဆင်ပြေလား ဘာတွေလိုအပ်သေးလဲဆိုတာကို
မေးတာက လူတွေကို ထပ်သုံးချင်တဲ့စိတ်ဖြစ်စေပါတယ်။
Customer ရဲ့ feedback တောင်းခြင်းက သူတို့ရဲ့စိတ်ထဲမှာ care လုပ်ပါလားဆိုပြီး ခံစားချက်ကို ဖြစ်ပေါ်စေပါတယ်။
ပြီးတော့ Review တွေ တင်ပြီး Trust ကိုတည်ဆောက်လို့ရပါတယ်။
4. Loyalty Program သုံးပါ
– Point System
– Member Discount
– Milestone Reward
တစ်ကြိမ်ဝယ်တာနဲ့မပြီးဘဲ အမြဲလာချင်စေဖို့ “ Reward” တစ်ခုတော့ဖန်တီးထားဖို့လိုပါတယ်။
ဉပမာ City Reward လိုပုံစံမျိုး။
5. Personalized Communication
Customer A နဲ့ B သုံးစွဲမှုမတူဘူးဆိုတော့… Message ပေးတဲ့ပုံစံ၊ Product Suggestion တွေကိုလည်း မတူညီအောင်လုပ်ထားဖို့လိုပါတယ်။
Messenger Bot / Email Automation တွေနဲ့ Customer တစ်ဦးချင်းစီကို Target လုပ်နိုင်ပါတယ်။
တစ်ကြိမ်ဝယ်တဲ့ Customer ကို တစ်သက်လုံး Customer ဖြစ်ဖို့ Strategy ချမယ်ဆိုရင် ကိုယ့်ဘက်က အမြဲတန်ဖိုးထပ်ပေးစေဖို့ နဲ့ ခင်မင်မှုတည်ဆောက်တာကို တစ်ပြိုင်တည်းလုပ်ဆောင်နိုင်ဖို့လိုပါတယ်။



