အပြင်လောကကို မကြည့်ဘဲ မာကက်တင်းလုပ်နေတယ်ဆိုတာဟာ မျက်စိပိတ်ပြီးကားမောင်းနေသလိုပါပဲ

အခုလို ပြောင်းလဲမှုတွေ မြန်မြန်ဆန်ဆန်ဖြစ်နေတဲ့နည်းပညာလောကမှာ Digital Marketer တစ်ယောက်အနေနဲ့ “Macro-environmental forces” ကို မသိဘူးဆိုရင် ပင်လယ်ထဲမှာ ရွက်မရှိတဲ့ လှေတစ်စင်းလိုဖြစ်နေပါလိမ့်မယ်။

စျေးကွက်မှာ ဘယ်လိုပြောင်းလဲမှုတွေဖြစ်နေသလဲ၊ ဘယ်လိုအန္တရာယ်တွေဖြစ်နိုင်သလဲ၊ ဘယ်အခွင့်အလမ်းတွေရှိနေသလဲဆိုတာကို သိနိုင်ဖို့အတွက် PESTLE Analysis ဆိုတဲ့နည်းလမ်းက တကယ်အရေးကြီးပါတယ်။

🌍 PESTLE ဆိုတာဘာလဲ?

PESTLE ဆိုတာဟာ Macro-environmental forces ၆ ခုပေါင်းစပ်ထားတဲ့ အတိုကောက်စကားလုံး ဖြစ်ပါတယ်

🏛 P – Political (နိုင်ငံရေး)

💰 E – Economic (စီးပွားရေး)

👥 S – Social (လူ့အဖွဲ့အစည်း)

💡 T – Technological (နည်းပညာ)

⚖️ L – Legal (ဥပဒေ)

🌱 E – Environmental (သဘာဝပတ်ဝန်းကျင်)

🔍 Digital Marketing မှာ အရေးကြီးဆုံးအချက် ၃ ခု

1. 💡 နည်းပညာ (Technological Forces)

နည်းပညာကိုမသိတဲ့ Marketer တစ်ယောက်ကတော့ သူများထက်နောက်ကျနေပါပြီ။ Website, SEO, Social Media Tools,  SaaS Software တွေကို ဒါတွေကို အသေးစိတ်မဟုတ်ရင်တောင် တီးမိခေါက်မိ သိထားဖို့လိုပါတယ်။

👉 AR, VR, AI တွေအပါအဝင် နည်းပညာအသစ်တွေကို လေ့လာပြီး အသုံးချတတ်ဖို့ လိုအပ်ပါတယ်။

2. ⚖️ ဥပဒေ (Legal Forces)

GDPR, Cookies, Influencer Laws, Digital Consumer Rights စတဲ့ ဥပဒေတွေဟာ Online Marketing မှာ ပိုပြီး ပါဝင်လာလို့ဒါတွေကိုလည်းသိထားသင့်ပါတယ်။

3. 👥 လူ့အဖွဲ့အစည်း (Social Forces)

Digital Minimalism နဲ့ Digital Addiction တို့ကြောင့် လူငယ်တွေရဲ့ Behavior ဟာ ပြောင်းလဲနေပါတယ်။

👉 လက်ရှိမှာ “ကြော်ငြာတွေကြည့်ဖို့” မဟုတ်ဘဲ “တန်ဖိုးရှိတဲ့အကြောင်းအရာ” ကို ပိုသဘောကျလာပါပြီ။

PESTLE ဆိုတာဟာ Digital Marketing Strategy ရေးတဲ့နေရာမှာ မြေပုံ + Compass တစ်ခုလိုပါပဲ။

အခြေအနေတွေကို အမြဲတမ်းစောင့်ကြည့်တတ်တဲ့ Marketer တွေကသာ Digital World မှာ ရေရှည်ရပ်တည်နိုင်ပါလိမ့်မယ်။

ဒါကြောင့် အရေးကြီးတဲ့ PESTLE Analysis ကို လေ့လာဖို့၊ အသုံးချဖို့ တိုက်တွန်းလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *